Jul 26, 2025
မော်လာနာ မူဖ်တီ မိုဟာမက် နဒီမွဒ်ဒင် ကာစမီ
မည်သည့် မွတ်စလင်မဆို သက္က၀ါအလ္လာဟ်ကြောက်စိတ်ဖြင့် အပြစ်များရှောင်ကြဥ်သောဘဝကို ဖြတ်သန်းခြင်းသည် လိုအပ်သည်သာမက၊ ဖရ်ဇ် အိုင်းန် (မဖြစ်မနေ လုပ်ဆောင်ရမည့်အရာ) လည်းဖြစ်သည်။ လူမျိုး၊ အသားအရောင်မခွဲခြားဘဲ အလ္လာဟ်အရှင်မြတ်ထံတော်တွင် လက်ခံခြင်းသည် (သက္ကဝါ) ရှိမှုအပေါ်တွင် မူတည်သည်။ "إِنَّ أَكْرَمَكُمْ عِندَ اللَّهِ أَتْقَاكُمْ" (အလ္လာဟ်အရှင်မြတ်ထံတော်တွင် သင်တို့အနက် အမြတ်ဆုံးမှာ သင်တို့အနက် သက္ကဝါတရားအရှိဆုံးသူ ဖြစ်သည်)။ သက္ကဝါဆိုသည်မှာ အရာနှစ်ခု ပေါင်းစပ်ထားခြင်းဖြစ်သည် - အမိန့်တော်များကို လိုက်နာခြင်း (အင်မ်တီစာလ် အာဝါမရ်) နှင့် တားမြစ်ထားသည်များကို ရှောင်ကြဉ်ခြင်း (အိဂျ်တီနားဗ် အန် နဝါဟီ)။
သို့သော် ထိုနှစ်ခုအနက် အရေးကြီးပြီး ဦးစားပေးသင့်သည်မှာ တားမြစ်ထားသည်များကို ရှောင်ကြဉ်ခြင်း (ဂုနဟ်အပြစ်များမှ ရှောင်ကြဉ်ခြင်း) ဖြစ်သည်။ ထို့ကြောင့် တမန်တော်မြတ် မိုဟာမက် (ဆွလ်လလ္လာဟု အလိုင်းဟိ ဝစလ္လမ်) က "اتق المحارم تكن أعبد الناس" (သင်သည် ဟရာမ် (တားမြစ်ထားသည်များ) မှ ရှောင်ကြဉ်ပါက လူတို့တွင် အကောင်းဆုံး အိဗာဒသ် ပြုသူဖြစ်လိမ့်မည်) ဟု မိန့်တော်မူခဲ့သည်။ သို့သော် ကမ္ဘာ့မွတ်စလင်များသည် ဤအရေးကြီးသောအပိုင်းကို မေ့လျော့ကာ နောင်တမလွန်အာခိရသ်ကို ဂရုမစိုက်ဘဲ ဟရာမ်၏ အန္တရာယ်များသော ချိုင့်ဝှမ်းထဲသို့ ဆင်းသက်ဝင်ရောက်ခဲ့ကြသည်။ မိမိစိတ်၏ အလိုဆန္ဒများအတွက် ဟရာမ်ကိစ္စကို ဘာသာရေးလိုအပ်ချက်၊ သို့မဟုတ် ဘာသာရေးပြုပြင်ပြောင်းလဲရေး လိုအပ်ချက်ဟု တံဆိပ်တပ်ကာ ဟလာလ် (ခွင့်ပြုထားသော) အဖြစ် ပြောင်းလဲပစ်ခဲ့ကြသောအခါ ရှိုင်သွာန်သည် သူတို့ကို အီမန် (ယုံကြည်ခြင်း) ဂုဏ်သိက္ခာနှင့် အစ္စလာမ်နှင့်လုံးဝဆန့်ကျင်သော ဟရာမ်လုပ်ရပ်များကို စွဲလမ်းစေခဲ့သည်။ ယနေ့ မွတ်စလင်မ်အမ်မသ် (အစ္စလာမ်သာသနာ့လူ့အဖွဲ့အစည်း) သည် အများဆုံး ကျူးလွန်နေသော ဟရာမ်လုပ်ရပ်များအနက် တစ်ခုမှာ ဓာတ်ပုံရိုက်ခြင်း ဖြစ်ပြီး ၎င်း၏ ဆိုးရွားသော စွဲလမ်းမှုသည် အွမ်မသ်၏ ဝိညာဉ်ရေးရာကို ဖျက်ဆီးပစ်ခဲ့သည်။ လူတို့သည် ဓာတ်ပုံရိုက်ခြင်းကို အလွန်အမင်းစွဲလမ်းလာသောကြောင့် ၎င်း၏တားမြစ်ထားသော သဘောသဘာဝသည် သူတို့၏ စိတ်နှလုံးမှ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ လူတို့သည် ၎င်းကို မိမိတို့ဘဝ၏မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဟု မှတ်ယူလာကြသည်။ ရုပ်ပုံဓာတ်ပုံ၏ တားမြစ်ချက်သည် နူဆူစ် ကသွ်အီးယဟ် (တိကျသောခိုင်မာသောအထောက်အထားများ)၊ အာဆာရ် ဆွဟာဗဟ် (ဆွဟာဗဟ်များ၏စကားများ) နှင့် အိဂျ်မာအ် အွမ်မသ် (အွမ်မသ်၏ တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ချက်) တို့ဖြင့် သက်သေပြနိုင်ပြီး ၎င်း၏ တားမြစ်ချက်နှင့် ပတ်သက်၍ အာဟာဒီးစ် (တမန်တော်မြတ်၏ သြဝါဒပေါင်း လေးဆယ်ခန့် ရှိသည်။
ဟဒီးဆ်တော်တစ်ခုတွင် တမန်တော်မြတ် (ဆွလ်လလ္လာဟု အလိုင်းဟိ ဝစလ္လမ်) က "ရုပ်ပုံဓာတ်ပုံဖန်တီးသူအား ကိယာမသ်တရားစီရင်မည့်နေ့တွင် အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးခံရလိမ့်မည်" ဟု မိန့်တော်မူခဲ့သည်။ (ဘူခါရီ နှင့် အိဗ်နုမာဂျာ)။ အခြား ဟဒီးဆ်တော် တစ်ခုတွင်လည်း "ရုပ်ပုံဓာတ်ပုံဖန်တီးသူများကို ကိယာမသ်တရားစီရင်မည့်နေ့တွင် သင်တို့ဖန်တီးထားသည်များထဲသို့ ဝိညာဉ်သွင်းပြရန်အမိန့်ပေးလိမ့်မည်!" ဟု မိန့်တော်မူခဲ့သည်။ (ဘူခါရီ)။ အခါတစ်ပါးတွင် တမန်တော်မြတ် (ဆွလ်လလ္လာဟု အလိုင်းဟိ ဝစလ္လမ်) သည် ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို ကျိန်ဆဲခဲ့သည်။ (မူဆလင်မ်)။ ဟဒီးဆ်တော်တစ်ခုတွင် ဖရိရှ်သဟ် (ကောင်းကင်တမန်များ) သည် ရုပ်ပုံဓာတ်ပုံများရှိသော အိမ်ထဲသို့ မဝင်ရောက်ဟု ဖော်ပြထားသည်။ (ဘူခါရီ)။
ထို့အပြင် အခြားမရေမတွက်နိုင်သော ဆိုးကျိုးများလည်း ရှိသည်။ ဥပမာအားဖြင့်၊ ဤရုပ်ဓာတ်ပုံများသည် တစ်ဖက်တွင် အရှက်ကင်းမဲ့မှု၊ ဆိုးသွမ်းသောအပြုအမူများနှင့် မကောင်းသော တဏှာရာဂစိတ်ကိုလှုံ့ဆော်ပေးသကဲ့သို့၊ အခြားတစ်ဖက်တွင်လည်း လူငယ်မျိုးဆက်၏ ကိုယ်ကျင့်တရားနှင့် ဘာသာတရားကို ပျက်စီးစေသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ၎င်းတို့သည် တစ်ဖက်တွင် ရုပ်တုကိုးကွယ်မှုနှင့် ရှစ်ရ်က် (တုဖက်ကိုးကွယ်ခြင်း)၏ နည်းလမ်းများ ဖြစ်သကဲ့သို့၊ အခြားတစ်ဖက်တွင် အမျိုးသမီးများ၏ ဂုဏ်သရေနှင့် သိက္ခာကို ပျက်စီးစေသည့်အကြောင်းအရင်းများလည်း ဖြစ်သည်။ ၎င်းသည် အချိန်ဖြုန်းခြင်း ဖြစ်သကဲ့သို့၊ ဝါကြွားပြစားခြင်း၏ နည်းလမ်းလည်း ဖြစ်သည်။ ဤရုပ်ပုံဓာတ်ပုံများသည် ပူဆွေးဝမ်းနည်းမှုနှင့် မကောင်းမှုတို့ကို အသက်သွင်းသည့် အကြောင်းရင်းများ ဖြစ်သကဲ့သို့၊ ကာဖိရ်များ (ငြင်းပယ်သူများ) နှင့် မွရှ်ရိကင် (တုဖက်ကိုးကွယ်သူများ) နှင့်လည်း လုံးဝတူညီနေသည်။
ခေတ် ေပါ်ပစ္စည်းများနှင့် ဓာတ်ပုံရိုက်ခြင်း၏ပုံစံသစ်တစ်မျိုးမှာ "ဆယ်လ်ဖီ" ဖြစ်သည်။ ၎င်းကို ပထမဆုံးအကြိမ် ၂၀၀၂ ခုနှစ်တွင် အသုံးပြုခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့စံချိန်တင်ခဲ့သည်။ ၎င်းသည် သာမန်ပြည်သူများသာမက ထင်ပေါ်ကျော်ကြားသူများကိုပါ ရူးသွပ်စွဲလမ်းစေခဲ့သည်။ လမ်းလျှောက်နေရင်း၊ ထိုင်ရင်း၊ အိပ်ပျော်နေစဉ်၊ နိုးထနေစဉ်၊ ရန်ဖြစ်နေစဉ်၊ ပြေလည်နေစဉ်၊ မိသားစုနှင့်အတူဖြစ်စေ၊ သူငယ်ချင်းများနှင့် အဖွဲ့အစည်းတွင်ဖြစ်စေ၊ စားသောက်ဆိုင်တွင်ဖြစ်စေ၊ မိသားစုတွေ့ဆုံပွဲများတွင်ဖြစ်စေ၊ မင်္ဂလာပွဲတွင်ဖြစ်စေ၊ အခြားမည်သည့်ပွဲတွင်ဖြစ်စေ... နေရာတိုင်းနှင့် လူတိုင်းအပေါ် ဆယ်လ်ဖီ၏မှော်ဆန်မှုသည် လွှမ်းမိုးထားသည်။ မိမိ၏ Follower များကို ဆွဲဆောင်ရန်အတွက် အန္တရာယ်များသော၊ မြင့်မားသော တောင်တန်းများနှင့် အဆောက်အအုံမြင့်များပေါ်တွင် ဆယ်လ်ဖီရိုက်ခြင်းသည် လူတို့၏ အနှစ်သက်ဆုံး အလုပ်တစ်ခု ဖြစ်လာခဲ့သည်။ ရုပ်ရည်အားဖြင့် အလေးအနက်ရှိပြီး စွဲဆောင်မှုရှိသော လူတစ်ဦးသည် လိမ်ကောက်သောမျက်နှာဖြင့်၊ နှုတ်ခမ်းများကို လှောင်ပြောင်သည့် ပုံစံဖြင့် ကမူးရှူးထိုး ဆယ်လ်ဖီရိုက်နေသောအခါ ၎င်း၏ ပင်ကိုယ်စရိုက်၊ အမူအကျင့်အစစ်အမှန်မှာ ေပါ်လွင်သွားသကဲ့သို့ ထင်ရသည်။ ၎င်းကို မြင်သူများ၏ စိတ်ထဲတွင် ကောင်းမွန်သော အထင်အမြင် မရှိတော့ပေ။
ဆေးရုံသို့ လူနာမေးရန် သွားရောက်ပါက နာကျင်မှုဖြင့် ညည်းညူနေသော လူနာနှင့်အတူ ဆယ်လ်ဖီ၊ နောက်ဆုံးထွက်သက်နှင့် ဂျနာဇာ (ဈာပန) အချိန်တွင် ဆယ်လ်ဖီ၊ နမားဇ် (ဆွလားသ်)ဝတ်ပြုနေစဉ်ပင် ဆယ်လ်ဖီရိုက်ခြင်း၊ ဇကာတ် အလှူပေးနေစဉ် ဆယ်လ်ဖီရိုက်ခြင်း၊ ပရဟိတလူမှုဝန်ဆောင်မှုများ လုပ်ဆောင်နေစဉ် ဆင်းရဲသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကာ ဆယ်လ်ဖီရိုက်ခြင်း... အိဗာဒါသ် (ကိုးကွယ်မှုများ) တွင် ဆယ်လ်ဖီရိုက်ခြင်းဖြင့် မိမိကိုယ်ကို ကြွား၀ါပြသလိုသော စိတ်ဓာတ် ပေါ်လွင်လာပြီး ၎င်းကို တမန်တော်မြတ် (ဆွလ်လလ္လာဟု အလိုင်းဟိ ဝစလ္လမ်) က ရှစ်ရ်က် ဟု မိန့်တော်မူခဲ့သည်။ "من صلى يرائي فقد أشرك، ومن صام يرائي فقد أشرك، ومن تصدق يرائي فقد أشرك" (ပြစားလိုစိတ်ဖြင့် နမားဇ် ဝတ်ပြုသူသည် ရှစ်ရ်က် ကျူးလွန်ခြင်းဖြစ်သည်၊ ပြစားလိုစိတ်ဖြင့် ရိုဇာ (ဥပုသ်) ေစာင့်ထိန်းသူသည် ရှစ်ရ်က် ကျူးလွန်ခြင်းဖြစ်သည်၊ ပြစားလိုစိတ်ဖြင့် ဆွဒကဟ် အလှူပေးသူသည် ရှစ်ရ်က် ကျူးလွန်ခြင်းဖြစ်သည်။
ဤကြီးမားသော ဘေးအန္တရာယ်သည် ဤနေရာတွင် ရပ်တန့်မနေဘဲ ဟရမိုင်း ရှရီဖိုင်န် (မက္ကာနှင့် မဒီနာ) မြင့်မြတ်ေသာေမြ ပတ်ဝန်းကျင်သို့ပင် ရောက်ရှိခဲ့သည်။ လူတို့သည် ဆွဖာနှင့် မာရ်ဝါ နှစ်ခုအကြား စအီပြေးလွှားခြင်းပြုလုပ်စဉ်နှင့် ရမ်မီ ဂျမရားသ် (ရှိုသွာန်ခဲေပါက်ေသာ) အချိန်တွင်ပင် ဆယ်လ်ဖီကိုမစွန့်လွှတ်နိုင်ကြေတာ့ပါ။ သွဝါးဖ် လှည့်ေနသည့်အချိန်တွင် အလ္လာဟ်အရှင်မြတ်ကိုအာရုံပြုရမည့်အစား ဆဲလ်ဖီရိုက်လိုစိတ်ဖြင့် ဖုန်းမျက်နှာပြင်သို့ အာရုံစိုက်နေကြသည်။ ဝမ်းနည်းစရာ ကောင်းလိုက်ပါဘိ! ယခုအခါ ဟဂျ်ကိုေလးစားတန်ဘိုးထားမှု၊ ဗလီများ၏လေးစားမှု၊ သန့်ရှင်းသော နေရာများ၏ လေးစားမှု၊ ကအ်ဗဟ်ေကျာင်း၏ ကြီးမြတ်မှုကို ဂရုမစိုက်တော့သလို ရောင်ဇတွလ်ရစူလ် (တမန်တော်မြတ်၏ ဂူဗိမာန်) ကိုလည်း ရိုသေမှု မရှိတော့ပါ။ ဟဇ်ရသ် အဗ်ဗားစ် အိဗ်နု ရဘီအဟ်၏ ဆင့်ပြန်ချက်အရ တမန်တော်မြတ် (ဆွလ်လလ္လာဟု အလိုင်းဟိ ဝစလ္လမ်) က "အွမ်မသ်သည် ကအ်ဗဟ်ေကျာင်းေတာ်ကြီးကို ၎င်း၏ မြင့်မြတ်မှုအတိုင်း လေးစားနေသမျှ ကာလပတ်လုံး ကောင်းခြင်းမင်္ဂလာများဖြင့် ပြည့်စုံနေလိမ့်မည်။ ၎င်း၏ ကြီးမြတ်မှုကို စွန့်လွှတ်လိုက်ပါက ပျက်စီးသွားလိမ့်မည်" ဟု မိန့်တော်မူခဲ့သည်။
ဟဇ်ရသ် အိဗ်နု အဘ်ဘာစ်၏ စကားအရ မက္ကာဟ် မူကရ်ရမာ (မက္ကာမြို့) မှလွဲ၍ မည်သည့်နေရာတွင်မဆို ကျွန်ုပ်သည် အမှားအယွင်း ခုနစ်ဆယ် ကျူးလွန်မိပါက လက်ခံနိုင်သော်လည်း မက္ကာဟ် မူကရ်ရမာတွင် အမှားအယွင်းတစ်ခုပင် ကျူးလွန်မိခြင်းကို လက်ခံနိုင်မည် မဟုတ်ပါ။ (အိဗ်နု မာဂျာ)။
အချုပ်အားဖြင့်ဆိုရသော် ယခုအခါ လူတို့၏နေ့စဉ်ဘဝသည် ဆယ်လ်ဖီဖြင့် စတင်ပြီး ဆယ်လ်ဖီဖြင့် အဆုံးသတ်သည်။ ၎င်းသည် သူ၏ "ဘဝလက်တွဲဖော်" ဖြစ်လာသကဲ့သို့၊ အခြားစကားလုံးများဖြင့် ဆိုရပါက ဆယ်လ်ဖီသည် အောက်ဆီဂျင်သဖွယ် ဖြစ်လာပြီး ၎င်းမပါဘဲ အသက်ရှင်ရန် မဖြစ်နိုင်။ အသက်ရှင်နိုင်လျှင်ပင် ရပ်တည်ရန်ခက်ခဲလာပြီဖြစ်သည်။
ဤဆယ်လ်ဖီခေတ်ရေစီးကြောင်းသည် ပျော်ရွှင်စရာ ကောင်းသလောက် အန္တရာယ်လည်း ရှိသည်။ ထို့ကြောင့် ဆယ်လ်ဖီကြောင့် လူငယ်များ၏ သေဆုံးနှုန်းမှာ နေ့စဉ်နှင့်အမျှ တိုးလာနေသည်။
အစီရင်ခံစာများအရ ဆယ်လ်ဖီကြောင့် ပထမဆုံးသေဆုံးမှုမှာ အမေရိကန်တွင် ဖြစ်ပွားခဲ့ပြီး လူငယ်သုံးဦးသည် ရထားတစ်စင်းနှင့်အတူ ဓာတ်ပုံရိုက်ရန် ကြိုးစားနေစဉ် ရထားတိုက်မိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးရ သတင်းများအရ ဆယ်လ်ဖီကြောင့် သေဆုံးမှု ၂၇၆ ဦး ရှိနေပြီဖြစ်သည်။
စိတ်ပညာရှင်များက ဆယ်လ်ဖီကို စိတ်ပိုင်းဆိုင်ရာ ရောဂါသစ်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ သိပ္ပံပညာရှင်များက ဆယ်လ်ဖီစွဲလမ်းမှုသည် လူတစ်ဦးအတွင်း၌ ကိန်းဝပ်နေသော အဆိုးရွားဆုံး ကိုယ့်ကိုယ်ကို ကြွားဝါလိုစိတ်နှင့် ကိုယ့်ကိုယ်ကို အထင်ကြီးနှစ်သက်မှုတို့ကို ဖော်ပြနေသည်ဟု ယုံကြည်ကြသည်။ စိတ်ပညာရှင်များ၏ အဆိုအရ ဆဲလ်ဖီစိတ်ေရာဂါအတွက် ကုသမှုနည်းလမ်းကို ယခုတိုင် သတ်မှတ်နိုင်ခြင်း မရှိသေးပေ။
ယခုအခါ လူအများစုတို့သည် အိဗာဒသ်ကိုးကွယ်မှုဆိုင်ရာများတွင် အိခ်လားစွ် စိတ်ေစတနာဖြူစင်မှု အနည်းငယ်မျှပင် မရှိတော့ပါ။ ေငွေကြးေမြာက်မြားစွာအကုန်အကျခံပြီး ဟဂျ်ပြုလုပ်ရန်သွားခဲ့သည်။ သို့ေသာ် စိတ်ထဲတွင် ဟဂျ်၏ေဆာင်ရွက်ချက်များကိုအလ္လာဟ်အရှင်မြတ်အားပြသရန်ကြိုးစားရမည့်အစား ဆဲလ်ဖီရိုက်ပြီး လူတို့အားပြသလိုစိတ်သာရှိေနသည်။ ပြစားမှုဖြင့်ပြုလုပ်ေသာအိဗာဒသ်သည် အဘယ်မှလျှင်အထ ေမြာက်မည်နည်း။ ေငွကုန်ခံပြီး ဂုနဟ်အပြစ်ငရဲကိုရှာေဖွလာခြင်းသာဖြစ်သည်။
ဤအရာအားလုံးထက် ၎င်းသည် ဟရာမ် (တားမြစ်ထားသော) လုပ်ရပ် ဖြစ်ပြီး ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်၏ ကျိန်ခြင်းကို ခံရထိုက်သူ ဖြစ်သည်။ ၎င်းကို ရှောင်ကြဉ်ရန် အလွန်အရေးကြီးပြီး မိဘများအနေဖြင့်လည်း မိမိတို့၏ ကလေးများကို ဆယ်လ်ဖီရိုက်ခြင်းမှ တားဆီးသင့်သည်။ မဟုတ်ပါက ကလေးများ၏ ဤလမ်းကြောင်းပေါ်သို့ ဦးတည်လာမှုသည် ကြီးမားသော ပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်သည်။
No recent posts available.