Categories

Jun 28, 2025

Blog Image
အကီဒဟ်(Aqidah) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

မေးခွန်း- မွဖ်သီ ဆရာခင်ဗျား၊ အကီဒဟ် (Aqidah) ဆိုတာ ဘာကိုခေါ်ပါသလဲ။ အကီဒဟရဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးပါ။

အဖြေ- အာရဗီဘာသာစကားအရ "အကီဒဟ်" (Aqidah) ဆိုသည်မှာ "နှလုံးသားတွင် ခိုင်မြဲစွာထားရှိသော ယုံကြည်ချက်" ဟု အဓိပ္ပာယ်ရပါသည်။ ၎င်းသည် ယုံကြည်သူများအတွက် မေးခွန်းထုတ်စရာ၊ သံသယဝင်စရာမရှိသော သဘောတရားတစ်ခုကို ရည်ညွှန်းပါသည်။


ဘာသာရေးဆိုင်ရာ ဝေါဟာရအနေဖြင့် " အကီဒဟ် " (Aqidah) ဆိုသည်မှာ ကုရ်အာန်ဟဒီးဆ်တော်အရ ခိုင်မာသောအထောက်အထားဖြင့် သက်သေပြနိုင်ပြီး မည်သည့်သံသယ၊ တွေဝေမှုမျှ မရှိသော ခိုင်မာသည့် ယုံကြည်ချက်ကို ဆိုလိုပါသည်။ ဥပမာအားဖြင့်-

အလ္လာဟ်အရှင်မြတ်၏တစ်ဆူတည်းဖြစ်မှု (သောင်ဟီးဒ်) နှင့် တမန်တော်မြတ်၏ (ရိစာလသ်)တမန်တော်ဖြစ်ခြင်း ကို ယုံကြည်ခြင်း။

ကောင်းကင်တမန်များ၊ ရစူလ်တမန်တော်များ၊ ကောင်းကင်ကျကျမ်းဂန်များ၊ နောက်ဆုံးနေ့ (ကိယာမသ်) နှင့် အကောင်းအဆိုး ကံကြမ္မာသည် အလ္လာဟ်အရှင်မြတ်ထံမှ ဖြစ်သည် ဟု ယုံကြည်ခြင်းတို့ ပါဝင်ပါသည်။

۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔
دلائل:

المسامرہ: (ص: 13، ط: دائرۃ المعارف)
وحینئذٍ فاللائق ما فی المقاصد من تعریف علم الکلام بانه العلم بالعقائد الدینیة عن الادلة اليقنية

فیروز اللغات: (ص: 484، ط: فیروز سنز)

القاموس الوحید: (ص: 1104، ط: ادارہ اسلامیات)

واللّٰه تعالٰی اعلم بالصواب
دارالافتاء الاخلاص،کراچی

အကာအိဒ် ယုံကြည်ချက်များ အစ္စလာမ်၏ အခြေခံယုံကြည်ချက်များ

💬 0 comments

Recent Posts

Blog Image
အစ္စလာမ်၏ အခြေခံမူကြီး (၅) ရပ်


မေးခွန်း- မူဖ်တီ ဆာဟစ်ဗ်! အစ္စလာမ်ဘာသာ၏ အခြေခံသည် တိုင် (၅) ရပ်ပေါ်တွင် တည်ဆောက်ထားသည်ဟု ကျွန်ုပ်တို...


💬 0 comments More

Blog Image
အစ္စလာမ့်အခြေခံယုံကြည်ရမည့်အချက်များ


မေးခွန်း- မုဖ်တီဆာဟစ်ဗ်ခင်ဗျာ အစ္စလာမ်၏ အခြေခံယုံကြည်ချက်များနှင့် ပတ်သက်၍ လမ်းညွှန်ပေးပါ။ အဖြေ-အစ္စ...


💬 0 comments More

Blog Image
တမန်တော်မြတ် [မုဟမ္မဒ်] (ﷺ) သည် လောကီစာပေများကို ရေးတတ်ဖတ်တတ်ပါသလား။


မေးခွန်း တမန်တော်မြတ် [မုဟမ္မဒ်] (ﷺ) သည် လောကီစာပေများကို ရေးတတ်ဖတ်တတ်ပါသလား။ ကိုယ်တော်တိုင် ရေးသားခ...


💬 0 comments More

Comments