အဖြေ -
အာရဗီဘာသာစကားအရ "အကီဒဟ်" (Aqidah) ဆိုသည်မှာ "နှလုံးသားတွင် ခိုင်မြဲစွာထားရှိသော ယုံကြည်ချက်" ဟု အဓိပ္ပာယ်ရပါသည်။ ၎င်းသည် ယုံကြည်သူများအတွက် မေးခွန်းထုတ်စရာ၊ သံသယဝင်စရာမရှိသော သဘောတရားတစ်ခုကို ရည်ညွှန်းပါသည်။
ဘာသာရေးဆိုင်ရာ ဝေါဟာရအနေဖြင့် " အကီဒဟ် " (Aqidah) ဆိုသည်မှာ ကုရ်အာန်ဟဒီးဆ်တော်အရ ခိုင်မာသောအထောက်အထားဖြင့် သက်သေပြနိုင်ပြီး မည်သည့်သံသယ၊ တွေဝေမှုမျှ မရှိသော ခိုင်မာသည့် ယုံကြည်ချက်ကို ဆိုလိုပါသည်။ ဥပမာအားဖြင့်-
အလ္လာဟ်အရှင်မြတ်၏တစ်ဆူတည်းဖြစ်မှု (သောင်ဟီးဒ်) နှင့် တမန်တော်မြတ်၏ (ရိစာလသ်)တမန်တော်ဖြစ်ခြင်း ကို ယုံကြည်ခြင်း။
ကောင်းကင်တမန်များ၊ ရစူလ်တမန်တော်များ၊ ကောင်းကင်ကျကျမ်းဂန်များ၊ နောက်ဆုံးနေ့ (ကိယာမသ်) နှင့် အကောင်းအဆိုး ကံကြမ္မာသည် အလ္လာဟ်အရှင်မြတ်ထံမှ ဖြစ်သည် ဟု ယုံကြည်ခြင်းတို့ ပါဝင်ပါသည်။