Categories

Jul 26, 2025

Blog Image
အသေသားသည် 'ဟရာမ်'ဖြစ်ခြင်းအကြောင်း

ကုန်းနေတိရစ္ဆာန်များတွင် ရောဂါကြောင့်ဖြစ်စေ၊ အခြားအကြောင်းများကြောင့်ဖြစ်စေ အလိုအလျောက်သေသွားသော (Carcass) အသေကောင်သည် 'ဟရာမ်' ဖြစ်သည်။ ထိုနည်းတူစွာ တရားတော်က သတ်မှတ်ထားသောနည်းစနစ်ဖြင့် စနစ်တကျ'ဇဗဟ်'ပြုလုပ်ထားခြင်းမဟုတ်ဘဲ အခြားသေစေသောစနစ်ဖြင့် အသတ်ခံရသောတိရစ္ဆာန်၏အသားသည်လည်း ''ဟရာမ်''ဖြစ်သည်။ မုစ်လင်မ်များအတွက် အသားကို စားသုံးနိုင်ရန် တရားတော်ကသတ်မှတ်ထားသည့်နည်းစနစ်အတိုင်း စနစ်တကျ 'ဇဗဟ်'ပြုလုပ်ရန်အရေးကြီးပါသည်။ သို့သော် သတ်မှတ်ထားသောနည်းစနစ်အတိုင်း'ဇဗဟ်'ပြုခြင်းလည်းမရှိဘဲ လည်မျိုချိုးလိမ်၍သော်လည်းကောင်း၊ လည်ညှစ်၍သော်လည်းကောင်း၊ အခြားသောနည်းဖြင့် အနာတရဖြစ်စေ၍ အသတ်ခံရသောတိရစ္ဆာန်သည် (Carcass) အသေကောင်သာဖြစ်သည်။ မုစ်လင်မ်များအတွက် ထိုအသားမှာ 'ဟရာမ်'ဖြစ်သည်။ အသေသားတွင် ရေနေတိရစ္ဆာန်ငါးများမှာ ခြွင်းချက်အဖြစ် စားပိုင်ခွင့်ရှိသည်။ ဤအကြောင်းကို ကုရ်အာန်ကျမ်းတော်မြတ်တွင် ဤသို့ဖော်ပြထားသည်။ أُحِلَّ لَكُمْ صَيْدُ الْبَحْرِ وَطَعَامُهُ အဓိပ္ပါယ်။ ။အသင်တို့အဖို့ ပင်လယ်(ဝါ)ရေသတ္တဝါများကို ဖမ်းခြင်းနှင့် ၎င်းတို့ကို စားသုံးခြင်းသည် 'ဟလာလ်'ဟူ၍ခွင့်ပြုထားပြီးဖြစ်၏။ (ကုရ်အာန် ၅း၉၆) အထက်ပါအာယသ်တော်အရသိရသည်မှာ ရေနေတိရစ္ဆာန်များ အား ]ဇဗဟ်}ပြုရန်မလိုအပ်ပါ။ ]ဇဗဟ်}မပြုဘဲ စားသုံးခြင်းမှာ ]ဟလာလ်}ဖြစ်သည်။ တမန်တော်မြတ်(ﷺ)၏ ဩဝါဒတော်တွင်လည်း ငါးနှင့်ကျိုင်းကောင် တိရစ္ဆာန်နှစ်မျိုးကို (Carcass) အသေကောင်မှ ခြွင်းချက်ပြု၍ 'ဟလာလ်' ပြုပေးထားပါသည်။ တမန်တော်မြတ်(ﷺ)ကမိန့်တော်မူသည်မှာ- أحلت لنا ميتتان ودمان، أما الميتتان فالسمك والجراد، وأما الدمان فالكبد والطحال. رواه أحمد وغيره. ''ငါတို့အတွက် အသေသားနှစ်မျိုးနှင့် သွေးနှစ်မျိုးမှာ 'ဟလာလ်'အဖြစ် သတ်မှတ်ပေးခြင်းခံရ၏။ အသေသားနှစ်မျိုးက ငါးနှင့်ကျိုင်းကောင်ဖြစ်ပြီး သွေးနှစ်မျိုးက (Liver) အသည်းနှင့်(Spleen) သရက်ရွက်တို့ဖြစ်သည်။ '' (သဖ်စီရ်အဗ်နုကဆီးရ်၊ အဟ်မဒ်၊ အိဗ်နုမာဂျဟ်၊ ဒါရုကွသ်ွနီကျမ်း) အထက်ပါအမိန့်တော်များအရ တိရစ္ဆာန်များတွင် ငါးနှင့်ကျိုင်းကောင်တို့မှာ သေစေသည့်အကြောင်းတစ်ခုခုကြောင့်သေဆုံးသည်ဖြစ်စေ၊ တစ်ဦးတစ်ယောက်ကြောင့်သေဆုံးသည်ဖြစ်စေ 'ဇဗဟ်'မပြုဘဲ'ဟလာလ်' စားပိုင်ခွင့်ရှိကြောင်းသိရပါသည်။ သို့သော် ငါးသည် ရေ၌သေဆုံးပုပ်ပွလာသည့်အတွက် ရေပေါ်သို့အလိုအလျောက်ပေါ်လာလျှင် ထိုငါးမှာ ]ဟရာမ်} မစားပိုင်တော့ပါ။ (အဟ်ကာမွလ်ကုရ်အာန်ကျမ်း)

စားပိုင်/မစားပိုင်ကဏ္ဍ အသေသားသည် 'ဟရာမ်'ဖြစ်ခြင်းအကြောင်း

💬 0 comments

Recent Posts

Blog Image
စားပိုင်/မစားပိုင်တိရစ္ဆာန်များ၏အခြေခံစည်းကမ်း


တိရစ္ဆာန်များတွင် စားပိုင်^မစားပိုင်အခြေခံစည်းကမ်းဥပဒေများမှာ-ရေနေတိရစ္ဆာန် ဟနဖီလမ်းစဉ်အရ ရေနေတိရစ္ဆ...


💬 0 comments More

Blog Image
ဧည့်သည်အတွက်"ဇဗဟ်"ပြုခြင်းဆိုင်ရာအမိန့်


အကယ်၍ တိရစ္ဆာန်အား "ဇဗဟ်"ပြုခြင်းမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ရိုသေလေးမြတ်မှုထားသည့်ရည်ရွယ်ချက်ဖြ...


💬 0 comments More

Blog Image
အလ္လာဟ်အရှင်မြတ်မှအပအခြားအတွက် "နဇရ်"ကိုးခြင်းနှင့်သက်ဆိုင်သည့်အမိန့်


တိရစ္ဆာန်များအပြင် အခြားသောအသီးအနှံ စားသောက်ဖွယ်ရာများကို ဆင်းတုများရှေ့ ပူဇော်ဆက်ကပ်ကြသည်။ မုစ်လင်မ...


💬 0 comments More

Comments