Aug 19, 2025
တိရစ္ဆာန်များတွင် စားပိုင်^မစားပိုင်အခြေခံစည်းကမ်းဥပဒေများမှာ-
ရေနေတိရစ္ဆာန်
ဟနဖီလမ်းစဉ်အရ ရေနေတိရစ္ဆာန်များတွင် ငါးအုပ်စုတစ်မျိုးသာ လျှင်"ဟလာလ်"ဖြစ်သည်။ ငါးဟုဆိုရာ၌ ငါးအုပ်စုဝင်မျိုးစိတ်အမျိုးမျိုးတို့ပါဝင်သည်။ ငါးမှအပ ကျန်ရေနေသတ္တဝါအားလုံး"ဟရာမ်"ဖြစ်သည်။
ကုန်းနေ (Land) တိရစ္ဆာန်
ကုန်းနေတိရစ္ဆာန်များတွင် အုပ်စု(၃)မျိုးရှိသည်။
(၁) သွေးလုံး၀မရှိသောတိရစ္ဆာန်
(၂) သွေးရှိသော်လည်း စီးထွက်လောက်သည့်သွေးမရှိသော တိရစ္ဆာန်
(၃) စီးထွက်လောက်သည့် သွေးရှိသောတိရစ္ဆာန်
ပထမအမျိုးအစားအုပ်စု သွေးမရှိသောတိရစ္ဆာန်
ဥပမာ- ကျိုင်းကောင်၊ ပဆုပ်ပနီ၊ နကျယ်ကောင်၊ ခြင်၊ ယင်၊ ပင့်ကူ၊ ကင်းမြီးကောက်၊ ကင်း စသည့်သတ္တဝါများတွင် ကျိုင်းကောင် တစ်မျိုးမှအပ ကျန်သတ္တဝါအားလုံး "ဟရာမ်" ဖြစ်သည်။
ဒုတိယအမျိုးအစားအုပ်စု သွေးရှိသော်လည်း စီးထွက်လောက်သည့်သွေးမရှိသောတိရစ္ဆာန်
ထိုတိရစ္ဆာန်များကိုစားသုံးခြင်းသည်လည်း "ဟရာမ်"ဖြစ်သည်။ ဥပမာ- မြွေ၊ ပုတ်သင်ညို၊ ကြွက်၊ မြွေပါ၊ ဖွတ်နှင့် မြေတွင်းအောင်း တိရစ္ဆာန်အားလုံး "ဟရာမ်" ဖြစ်သည်။
တတိယအမျိုးအစားအုပ်စု စီးထွက်သောသွေးရှိတိရစ္ဆာန်
အဆိုပါအုပ်စုတွင် သွား၊ အစွယ်များဖြင့် ကုတ်ဖဲ့စားသောက်သော သားရဲတိရစ္ဆာန်အုပ်စုဝင်အားလုံးမှာ "ဟရာမ်"ဖြစ်သည်။ ဥပမာ- ခြင်္သေ့၊ ကျား၊ ဝံပုလွေ၊ ကျားသစ်၊ မြေခွေး၊ ဝက်ဝံ၊ မျောက်၊ ခွေး စသည်တို့သည် "ဟရာမ်"ဖြစ်သည်။
ငှက်အုပ်စုများတွင် ခြေသည်းများဖြင့် ကုတ်ဖဲ့စားသောက်သောငှက်များ ဥပမာ- စွန်၊ သိမ်းငှက်၊ လင်းယုန်၊ လင်းတ စသည့်ငှက် အားလုံးမှာ "ဟရာမ်"ဖြစ်သည်။
သို့သော် ခြေသည်းများဖြင့် ကုတ်ဖဲ့စားသောက်လေ့မရှိသည့် ငှက်အုပ်စုများမှာ "ဟလာလ်"ဖြစ်သည်။ ဥပမာ- ကြက်၊ ဘဲ၊ ခို၊ ချိုး၊ စာကလေး စသည့်အုပ်စုမှာ "ဟလာလ်"ဖြစ်သည်။
ကျက်စားသောသတ္တဝါများမှာ "ဟလာလ်" စားသုံးပိုင်ခွင့်ရှိသည်။ အဆိုပါတိရစ္ဆာန်များအုပ်စုမှဖြစ်သော အိမ်မွေးတိရစ္ဆာန်များ ဥပမာ- ကုလားအုတ်၊ နွား၊ ကျွဲ၊ ဆိတ်၊ သိုးနှင့် တောတွင်းတိရစ္ဆာန်များ ဥပမာ- သမင်၊ ဒရယ်၊ ဂျီ၊ ဆတ်၊ တောနွား၊ တောင်ဆိတ် စသည်တို့မှာ "ဟလာလ်" စားသုံးပိုင်ခွင့်ရှိသည်။
သို့သော် ဆင်သည် "ဟရာမ်" စားသုံးခြင်းမပိုင်ပါ။
ဟဒီးဆ်တော်မြတ်တွင် တမန်တော်မြတ်(صلي الله عليه وسلم)က ဤသို့အမိန့် ရှိထားသည်။
عَنِ ابْنِ عَبَّاسٍ رَضيَ اللهُ عنهُما أَنَّ رَسُولَ اللهِ صلى الله عليه وسلم:
نَهَى عَنْ كُلِّ ذِي نَابٍ مِنَ السِّبَاعِ، وَعَنْ كُلِّ ذِي مِخْلَبٍ مِنَ الطَّيْرِ.
တမန်တော်မြတ်(صلي الله عليه وسلم)သည် စွယ်သွားရှိသောသားရဲတိရစ္ဆာန်များအားလုံးနှင့် ခြေသည်း(ဖြင့်ကုတ်ဖဲ့စားသော)ငှက်အားလုံးမှ (စားသုံးခြင်း မပြုရန်)တားမြစ်တော်မူခဲ့သည်။ (မိရှ်ကားသ်ကျမ်း တွဲ-၂၊ စာ-၃၅၉)
အကယ်၍ တိရစ္ဆာန်အား "ဇဗဟ်"ပြုခြင်းမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ရိုသေလေးမြတ်မှုထားသည့်ရည်ရွယ်ချက်ဖြ...
တိရစ္ဆာန်များအပြင် အခြားသောအသီးအနှံ စားသောက်ဖွယ်ရာများကို ဆင်းတုများရှေ့ ပူဇော်ဆက်ကပ်ကြသည်။ မုစ်လင်မ...
အလ္လာဟ်အရှင်မြတ်မှတပါး အခြားကိုရည်စူးထားသော တိရစ္ဆာန် များနှင့်ပတ်သက်၍ ကုရ်အာန်ကျမ်းတော်မြတ်တွင် ဤသိ...