Aug 19, 2025
အကယ်၍ တိရစ္ဆာန်အား "ဇဗဟ်"ပြုခြင်းမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ရိုသေလေးမြတ်မှုထားသည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ လျှင် وما أهل به لغير الله အမိန့်တွင်အကြုံးဝင်သည့်အတွက် "ဟရာမ်" ဖြစ်သည်။
သို့သော် ဧည့်သည်ကိုဧည့်ခံရန်အတွက် သားကောင် "ဇဗဟ်" ပြုခဲ့မည်။ သဘောက ထိုသားကောင်မှရသည့်အသားကို ဧည့်သည်ကို ကျွေးမွေးရန်သာရည်ရွယ်ခဲ့ပြီး ရိုသေလေးမြတ်မှုကြောင့် "ဇဗဟ်"ပြုလုပ်ခြင်းမဟုတ်လျှင် ပြုပိုင်သည်သာမက ဧည့်ဝတ်ကျေပွန်သည့် တမန်တော် မြတ်(صلي الله عليه وسلم)၏စွန္နသ်ဓလေ့တော်ပင်ဖြစ်ပါသည်။
ဤဒုတိယပုံစံမှာ ဧည့်ခံရန်အသားရယူလိုသည့်ဆန္ဒသာရှိခြင်းကြောင့် စားပိုင်ခြင်းဖြစ်သည်။
ပထမပုံစံတွင် ရိုသေလေးမြတ်မှုကြောင့် တိရစ္ဆာန်ကို "ဇဗဟ်"ပြုလုပ်ပြီး အသားစားရသည်ဖြစ်စေ၊ မစားရသည်ဖြစ်စေ အဓိကဆန္ဒမဟုတ်သောကြောင့်ဖြစ်သည်။ (ရဒ္ဒုလ်မွဟ်သားရ် တွဲ-၆၊ စာ-၃၀၉)
တိရစ္ဆာန်များတွင် စားပိုင်^မစားပိုင်အခြေခံစည်းကမ်းဥပဒေများမှာ-ရေနေတိရစ္ဆာန် ဟနဖီလမ်းစဉ်အရ ရေနေတိရစ္ဆ...
တိရစ္ဆာန်များအပြင် အခြားသောအသီးအနှံ စားသောက်ဖွယ်ရာများကို ဆင်းတုများရှေ့ ပူဇော်ဆက်ကပ်ကြသည်။ မုစ်လင်မ...
အလ္လာဟ်အရှင်မြတ်မှတပါး အခြားကိုရည်စူးထားသော တိရစ္ဆာန် များနှင့်ပတ်သက်၍ ကုရ်အာန်ကျမ်းတော်မြတ်တွင် ဤသိ...