Categories

Jul 27, 2025

Blog Image
အလ္လာဟ်အရှင်မြတ်မှတပါး အခြားကိုရည်စူးထားသော တိရစ္ဆာန်များအကြောင်း

အလ္လာဟ်အရှင်မြတ်မှတပါး အခြားကိုရည်စူးထားသော တိရစ္ဆာန် များနှင့်ပတ်သက်၍ ကုရ်အာန်ကျမ်းတော်မြတ်တွင် ဤသို့ဖော်ပြထား သည်။

وَمَا أُهِلَّ بِهِ لِغَيْرِ اللَّهِ

အဓိပ္ပါယ်။  ။အလ္လာဟ်အရှင်မြတ်မှတပါး အခြားကိုရည်စူးထားသော တိရစ္ဆာန်သည်လည်းကောင်း (အသင်တို့အပေါ် "ဟရာမ်"ဟူ၍ တားမြစ် ထားပြီးဖြစ်လေပြီ။) (ကုရ်အာန် ၅း၃)

ဤသည်မှာ ပုံစံ(၃)မျိုးရှိသည်။

(၁) သားကောင်ကို အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်ဦး တစ်ယောက်ကိုရည်စူးဆည်းကပ်သည့်အနေဖြင့် 'ဇဗဟ်'ပြုလုပ်ခြင်း၊ 'ဇဗဟ်'ပြုသည့်အချိန်တွင်လည်း ထိုသူ၏အမည်ကိုသာ တသ၍ 'ဇဗဟ်'ပြုခြင်း၊ ဤသည့်ပုံစံမှာ ဓမ္မသတ်ပညာရှင်အားလုံးထံတွင် တညီ တညွတ်တည်း 'ဟရာမ်'ဖြစ်သည်။ ထိုသားကောင်မှာ အသေကောင် အမိန့်တွင်ရှိသည့်အတွက် ထိုသားကောင်၏မည်သည့်အစိတ်အပိုင်းကိုမျှ စားသုံးခြင်း၊ အသုံးပြုခြင်းမပိုင်ပါ။ ဤသည့်အမိန့်ကို အထက်ပါအာယသ် တော်တွင် ထင်ထင်ရှားရှားမိန့်ဆိုထားပြီးဖြစ်သည်။ 

(၂) သားကောင်ကို အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်ဦး တစ်ယောက်ကို ရည်စူးဆည်းကပ်သည့်အနေဖြင့် 'ဇဗဟ်'ပြုခြင်း၊ ထိုသို့ 'ဇဗဟ်'ပြုရာတွင် အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုရည်စူးသော်လည်း 'ဇဗဟ်'ပြုချိန်တွင် အလ္လာဟ်အရှင်မြတ်၏နာမတော်ကိုသာ တသ၍ 'ဇဗဟ်'ပြုခြင်း။ ဤသို့သောလုပ်ရပ်ကို အချို့သောပညာမဲ့များလုပ်လေ့ လုပ်ထရှိပါသည်။ မိမိတို့၏ ဆရာသခင်'ပီရ်' သူတော်စင်များ ကျေနပ် နှစ်သက်စေရန်ကိုး၍ ဆိတ်၊ ကြက်၊ နွားများကို ၎င်းတို့၏နာမည်ဖြင့် 'ဇဗဟ်'ပြုကြသည်။ သို့သော် 'ဇဗဟ်'ပြုချိန်တွင် အလ္လာဟ်အရှင်မြတ်၏ နာမတော်ကိုတသကြသည်။ ဤသို့သောသားကောင်သည်လည်းဓမ္မသတ် ပညာရှင်အားလုံး၏ထံတွင် တညီတညွတ်တည်း 'ဟရာမ်'ဖြစ်သည်။ ထိုသားကောင်မှာ (Carcass)အသေကောင်အမိန့်အတိုင်းဖြစ်သည်။ 

(၃) သားကောင်ကိုနားဖြတ်၍ သို့မဟုတ် အခြားအမှတ်အသား တစ်ခုခုလုပ်၍ အလ္လာဟ်အရှင်မြတ်မှအပ အခြားအတွက် ဆည်းကပ်သည့်ရည်စူးချက်ဖြင့် ဘေးမဲ့လွှတ်ခဲ့သည်။ ထိုသားကောင်ကို အလုပ် ခိုင်းရန် သို့မဟုတ် အသားစားရန်လည်းရည်ရွယ်ချက်မပါ။ ထိုသားကောင်ကို သတ်ဖြတ်စားသုံးခြင်းကိုလည်း 'ဟရာမ်'ဟုမှတ်ယူထားမည်။ ဤတိရစ္ဆာန်မှာ وَمَا أُهِلَّ بِهِ لِغَيْرِ اللَّهِ နှင့် وَمَا ذُبِحَ عَلَی النُّصُبِ ဟုဖော်ပြထားသည့် ကုရ်အာန်ကျမ်းတော်မြတ်၏အမိန့်နှစ်ခုလုံးတွင် အကြုံးမဝင်ပါ။ ထိုကဲ့သို့သော တိရစ္ဆာန်ကို بحیرۃ သို့မဟုတ် سائبةဟုခေါ်ပါသည်။ 

ထိုသားကောင်၏အမိန့်မှာ- ကုရ်အာန်ကျမ်းတော်မြတ်အရ ဤကဲ့သို့လုပ်ရပ်မှာ 'ဟရာမ်'ဖြစ်သည်။ သို့သော် ထို'ဟရာမ်'လုပ်ရပ်ကြောင့်၊ သို့မဟုတ် ထိုသားကောင်ကို'ဟရာမ်'ဟုယူဆသည့်အတွက်ကြောင့် သားကောင်မှာ 'ဟရာမ်'မဖြစ်သွားပါ။ ထိုသားကောင်ကို 'ဟရာမ်' ဟုမှတ်ယူလျှင် ၎င်းတို့၏မှားယွင်းသောအယူအဆကို အားကောင်းစေရန် အထောက်အကူပြုသည့်သဘောဖြစ်သွားပါမည်။ ထို့ကြောင့် ထိုတိရစ္ဆာန်မှာ အခြားတိရစ္ဆာန်များကဲ့သို့ပင် 'ဟလာလ်' ဖြစ်ပါသည်။ 

သို့သော် တရားတော်၏အမိန့်တော်အရ ဤတိရစ္ဆာန်မှာ ပိုင်ရှင်၏ပိုင်ဆိုင်မှုအောက်မှမထွက်သွားပါ။ ပိုင်ရှင်၏လက်အောက်တွင်သာရှိနေပါသည်။ ပိုင်ရှင်မှာ မိမိ၏မှားယွင်းသောယုံကြည်မှုကြောင့် စွန့်လှူပြီးဖြစ်သည်၊ မိမိမပိုင်တော့ကြောင်းယူဆပါသည်။ တရားတော်အရ ထိုသူ၏အယူအဆမှားယွင်းသည့်အတွက် ၎င်း၏ပိုင်ဆိုင်မှု၌သာရှိနေပါသည်။ 

အကယ်၍ ထိုသူသည် ထိုတိရစ္ဆာန်ကို တစ်ဦးတစ်ယောက်အား ရောင်းချခဲ့သည်ရှိသော်၊ သို့မဟုတ် လက်ဆောင်ပေးခဲ့သည်ရှိသော် ရရှိသူအတွက် ထိုတိရစ္ဆာန်မှာ 'ဟလာလ်'ဖြစ်သည်။ အချို့သောဘာသာဝင်များက နတ်ဘုရားများ၊ ၎င်းတို့၏အခြားကိုးကွယ်ရာများ၏နာမည်ဖြင့် နွား၊ ဆိတ်များကိုလွှတ်ကြသည်။ ထိုတိရစ္ဆာန်များကို ဘုရားကျောင်း စောင့်ရှောက်သူများကို အပြီးအပိုင်လွှဲအပ်လိုက်သည်။ ဘုရားကျောင်း စောင့်ရှောက်သူများသည် ထိုတိရစ္ဆာန်များကိုရောင်းချလေ့ရှိပါသည်။ ထိုသို့ ပိုင်ရှင်ဘက်မှ အစစ်အမှန်လွှဲပြောင်းခံရသူက ပြန်လည်ရောင်းချခဲ့လျှင် ၎င်းတို့ထံမှဝယ်ယူခြင်း၊ 'ဇဗဟ်'ပြုလုပ် စားသုံးခြင်း၊ ပြန်လည်ရောင်းချခြင်း အားလုံးပြုပိုင်ပါသည်။

စားပိုင်/မစားပိုင်ကဏ္ဍ အလ္လာဟ်အရှင်မြတ်မှတပါး အခြားကိုရည်စူးထားသော တိရစ္ဆာန်များအကြောင်း

💬 0 comments

Recent Posts

Blog Image
စားပိုင်/မစားပိုင်တိရစ္ဆာန်များ၏အခြေခံစည်းကမ်း


တိရစ္ဆာန်များတွင် စားပိုင်^မစားပိုင်အခြေခံစည်းကမ်းဥပဒေများမှာ-ရေနေတိရစ္ဆာန် ဟနဖီလမ်းစဉ်အရ ရေနေတိရစ္ဆ...


💬 0 comments More

Blog Image
ဧည့်သည်အတွက်"ဇဗဟ်"ပြုခြင်းဆိုင်ရာအမိန့်


အကယ်၍ တိရစ္ဆာန်အား "ဇဗဟ်"ပြုခြင်းမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ရိုသေလေးမြတ်မှုထားသည့်ရည်ရွယ်ချက်ဖြ...


💬 0 comments More

Blog Image
အလ္လာဟ်အရှင်မြတ်မှအပအခြားအတွက် "နဇရ်"ကိုးခြင်းနှင့်သက်ဆိုင်သည့်အမိန့်


တိရစ္ဆာန်များအပြင် အခြားသောအသီးအနှံ စားသောက်ဖွယ်ရာများကို ဆင်းတုများရှေ့ ပူဇော်ဆက်ကပ်ကြသည်။ မုစ်လင်မ...


💬 0 comments More

Comments